Thursday, November 9, 2017

စားလို့လည်းကောင်း နာမည်လည်းကြီးတဲ့ မြကန်သာအုန်း ထမင်းဆိုင်
Foodies တို့ရေ Hotpot တွေ အကင်တွေ မာလာဟင်းတွေ ချည်းပဲဆိုတော့ မြန်မာထမင်းဆိုင်လေး (နာမည်ကြီး) နဲ့ မိတ်ဆက်ပေးမယ်နော်။😎😎
အုန်းထမင်းဆိုင်ဆိုပေမဲ့ အထင်မသေးနဲ့နော်။ မြန်မာ လူမျိုး လူကြီး လူငယ်တော်တော်များများ အသဲစွဲပါ။
Admin လို မြန်မာထမင်းမကြိုက်တဲ့သူတောင် ညွန်းတယ်ဆို ကောင်းလွန်းလို့ဆိုတာ အသေအချာပဲ။😍

ဆိုင်ရဲ့နေရာက မနော်ဟရီလမ်း နဲ့ မြို့မကျောင်းလမ်းဆုံနေရာ ဖြစ်ပါတယ်။ ဆိုင်ထဲမှာ ကားရပ်နားဖို့ အလုံအလောက်ကျယ်ဝန်းပါတယ်။ ဆိုင် အပြင်အဆင်ကလည်း ကျယ်ဝန်းပါတယ်။ ဆိုင်ထဲ ထိုင်လိုက်တာနဲ့ သူရဲ့အရံဟင်း တို့စရာ မြန်မာငပိရည် ဟင်းချိုရည် လာချပေးပါတယ်။Admin တို့သူငယ်ချင်း နှစ်ယောက်တော့ အုန်းထမင်းနဲ့ ကြက်သားဟင်းမှာလိုက်ပြီး အားရပါးရစားတော့တာပဲ။ 🍗🍗🍗
ချက်ထားသောအရသာကတော့အလွန်ကောင်းပါတယ်။ငပိရည်လေးနဲ့ တို့စရာနဲ့. Wow မြိန်လိုက်တာရှင်။
သူရဲ့ ငပိကြော်လည်းကောင်းချက်ပဲ။ ရေနွေးလေးနဲ့ အိုကေ စိုပြေနေတာပေါ့။ Admin တစ်ချက်စပ်စုကြည့်တော့ ဟင်းတွေထားတာသပ်ရပ်တယ်ရှင်။
ဟင်းတွေအနေနဲ့ 🍗🍖ကြက်သားဟင်း ၊ ဝက်သား 🐷ဟင်း၊ ဆိတ်သား ၊ အမဲသား 🐮ဟင်း၊ ပုစွန် 🦐🦐အဆီပြန် ၊ငါးသလောက်၊ ငါးကြင်းအစပ် အကြော် နောက်ပြီး ချဉ်ပေါင်ကြော် မျှစ်ချဉ် ဟင်းသီးဟင်းရွက်အကြော်အစပ် တွေ စုံလင်စွာ ရရှိပါတယ်။
အရံဟင်းအနေနဲ့ ငပိရည် ၊ ပုစွန်ခြောက်ကြော်(ရှယ်ကောင်း) တို့စရာ သခွားသီး ရုံးပတီသီး ဥနီ ရှောက်သီး ပုံထဲအတိုင်း အလျှံအပယ်ထည့်ပေးထားပါတယ်။ ဟင်းချို အနေနဲ့ မုန်လာဥ ဟင်းချိုရည်လေး လာချပေးတယ်။
စားပြီးလျှင်လည်း အချိုပွဲအနေနဲ့ လက်ဖက်လေး (ပုစွန်ခြောက်) နဲ့တောင် လာချပေးပါတယ်။ နယ်က လူတွေလည်း နှစ်ခြိုက်တယ်လို့ သိရတယ်ရှင်။ 😇😇😇
ဈေးနှုန်းအနေနဲ့ အသားဟင်းတစ်ပွဲကို ၅၀၀၀ကျပ် ၊ အုန်းထမင်းတစ်ပွဲကို ၁၀၀၀ ဝန်းကျင် ယူတယ်ရှင်။ 😱🤑🤑
ဈေးနှုန်းအနည်းငယ်မြင့်ပေမဲ့ သန့်ရှင်းပြီး အရံဟင်းအစုံအလင်နဲ့ အချိုပွဲလေးတွေပါတော့ ပေးရတဲ့ဈေးနဲ့ တန်တယ်လို့ မြင်မိတယ်။😈😈
🏢ဆိုင်နေရာ - မနော်ဟရီလမ်းနဲ့ မြို့မကျောင်းလမ်းထောင့်။
အချိန် -10:00 am- 7:00pm
Food -
Cleanness -
Service -
Price -
Admin - MayKo
#Mayko
#foodies_guide     







No comments:

Post a Comment